မန်ယူနည်းပြသစ် မော်ရင်ဟို မီဒီယာများနှင့် မိတ်ဆက်
မန်ချက်စတာယူနိုက်တက်အသင်းက ဇူလိုင် ၅ ရက်နေ့မှာ နည်းပြသစ် မော်ရင်ဟိုကို မီဒီယာတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
အသက် ၅၃ နှစ်အရွယ် နည်းပြ မော်ရင်ဟိုဟာ နည်းပြဟောင်း ဗန်ဟားရဲ့နေရာမှာ အစားထိုး ၀င်ရောက်လာတာပါ။
မန်ယူနည်းပြသစ်က "ဒီအလုပ်ကို လူတိုင်းက လိုချင်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် တခြားသူတွေ ဒီအခွင့်အရေးကို မရပါဘူး" လို့ ပြောပါတယ်။
မော်ရင်ဟိုဟာ မန်ယူနဲ့ ပွဲဦးထွက်အဖြစ် ဇူလိုင် ၂၂ ရက်နေ့မှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းနဲ့ ခြေစမ်းပွဲကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ရာသီသစ် ပထမဆုံးပွဲစဉ်မှာ ဘုန်းမောက်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီက အမှတ်ပေးဇယား အဆင့် ၅ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့အတွက် လာမယ့်ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။