ပေါ်တူဂီ တောင်ပံကစားသမား နာနီကို ဗလင်စီယာ ခေါ်ယူ

စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းက ပေါ်တူဂီ တောင်ပံကစားသမား နာနီကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ ဗလင်စီယာအသင်းက မန်ယူကစားသမားဟောင်း နာနီကို တူရကီကလပ် ဖီနာဘာချီအသင်းကနေ ပြောင်းရွှေ့ကြေးမဖော်ပြဘဲ ခေါ်ယူလိုက်တာပါ။ အသက် ၂၉ နှစ်အရွယ် နာနီကို ဗလင်စီယာကနေ ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ တောင်ပံကစားသမား နာနီဟာ လောလောဆယ်မှာ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ သူဟာ ၂၀၁၅ မှာ မန်ယူကနေ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ နာနီဟာ ပြီးခဲ့တဲ့ရာသီမှာ ဖီနာဘာချီအတွက် ၁၂ ဂိုး သွင်းယူပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up