Home
ရုပျသံ
မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံဝင်းမီးလောင်၊ ဘတ် ၁၀ သန်းခန့် ဆုံးရှုံး (ရုပ်သံ)
DVB
·
July 5, 2016
ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ခလောင်းလုန်မြို့နယ်ထဲမှာ မြန်မာအလုပ်သမား တွေပါ ၀င်ရောက်လုပ်ကိုင်နေတဲ့ ပလပ်စတစ်စက်ရုံဝင်းထဲ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်ကနေ ညနေ ၄ နာရီထိ မီးလောင်ကျွမ်းခဲ့တယ်လို့ mthai.com သတင်းမှာ ဖော်ပြပါတယ်။ မြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်က “သူဟာ ပလပ်စတိတ်နဲ့ ဖော့တုန်းတွေသယ်ဖို့ လုပ် နေတုန်းဂိုဒေါင်ကနေ မီးခိုးတွေတက်လာတာတွေ့လို့ တခြားသူတွေနဲ့အတူ ကြိုးစားငြိမ်းသတ် ခဲ့ကြောင်း၊ ဒါပေမယ့် မီးကတော်တော်နဲ့ မငြိမ်းလို့ တာဝန်ရှိသူတွေကို အကူအညီတောင်း ခဲ့တယ်”လို့ mthai သတင်းထောက်ကို ပြောပါတယ်။ မီးလောင်ရာမှာ မီးသတ်ကား အစီး ၃၀ နဲ့ ငြိမ်းသတ်ခဲ့ပေ့မယ့် ဂိုဒေါင် ၂ လုံး ၊ အခန်းတွဲ ဆယ်ခန်း နဲ့ အနီးရှိ တလတ်ထိုင်းဈေးထဲက သုံးထပ်တိုက်တလုံးကိုပါ ကူးစက်လောင်ကျွမ်း ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် တဦးပါ ဒဏ်ရာရသွားတယ်လို့ ပထုန်ဌာနီရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏ အနည်းဆုံး ဘတ်ငွေ ၁၀ သန်းခန့်ရှိမယ်လို့ ခန့်မှန်းပြီး မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲပဲလို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024