ဆန္ဒပြသူများကို မညှာမတာ ရိုက်နှက်နေသည့် တရုတ်ရဲများရုပ်သံ အင်တာနက်တွင်ပျံ့နှံ့ (ရုပ်သံ)

တရုတ်နိုင်ငံ ဂန်ဒေါင်းခရိုင်မှာ စွန့်ပစ်ပစ္စည်း မီးရှို့တဲ့စက်ရုံ ဆောက်လုပ်နေတဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ ဒေသခံတွေကို တရုတ်ရဲတွေက မညှာမတာ ရိုက်နှက်နေတဲ့ရုပ်သံ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာ ဒေသခံ ၁၀၀၀၀ ကျော်လောက်က ဒီစက်ရုံတည်ဆောက်မှုဟာ သောက်သုံးရေ အရင်းအမြစ်ကို ထိခိုက်နိုင်တဲ့အတွက် တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။ ဆန္ဒပြတဲ့သူတွေကို ရဲတင်ဖွဲ့ဝင် ၄၀၀၀ လောက်က နှိမ်နင်းခဲ့သလို မြို့နယ် အစိုးရရုံးအနီးမှာ မညှာမတာ ရိုက်နှက်နေတဲ့ ရုပ်သံဖိုင်ကလည်း အင်တာနက်မှာ ပျံ့နှံ့လာပါတယ်။ အာဏာပိုင်တွေကတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရသလို အင်အားသုံး မဖြေရှင်းခဲ့ဘူးလို့ ပြောပါတယ်။ ဆန္ဒပြသူ ၂၁ ဦးလောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up