မြွေကိုပြန်တိုက်ပြီး ရင်သွေးကိုကယ်သည့် မိခင်ကြွက် (ရုပ်သံ)
မိခင်ကြွက်မကြီးဟာ သူ့ရင်သွေးကို မြွေချီသွားတဲ့အတွက် အဲဒီမြွေကို မကြောက်မရွံ့ ပြန်တိုက်ခိုက်ပြီး ရင်သွေးကို ကယ်တင်ခဲ့ပါတယ်။
ကားလမ်းတနေရာမှာ ကြွက်ကလေးကို ချီသွားတဲ့ မြွေရဲ့အမြီးကို မိခင်ကြွက်မက အတင်းအကျပ် ပြန်ကိုက်ခဲ့ရာမှာတော့ မြွေက ပါးစပ်မှာကိုက်ချီထားတဲ့ ကြွက်ကလေးကို လွှတ်ပေးလိုက်ရပါတယ်။
ဒါပေမယ့်လည်း မိခင်ကြွက်က မြွေနောက်ကို အတင်းလိုက်ကိုက်ရာမှာတော့ မြွေက ထွက်ပြေးခဲ့ပါတယ်။ ကြွက်ကလေးကတော့ ကားလမ်းနံဘေးမှာ မလှုပ်နိုင် ဖြစ်နေပါတယ်။
မြွေကို တိုက်ခိုက်ပြီးတဲ့နောက် မိခင် ကြွက်မက ပြန်လာခဲ့ပြီး သူ့ရင်သွေး ကြွက်ကလေးကို ပြန်လည်ကိုက်ချီကာ တောအတွင်း ၀င်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပြီး Stacks y su Banda က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်ကို ဇူလိုင် ၄ ရက်မှာ တင်ခဲ့ပါတယ်။