Home
မြန်မာသတင်း
မိုင်းယော်ဒေသခံ ၇ ဦးသေဆုံးမှုအပေါ် အရပ်ဖက်အဖွဲအစည်း ၅ ခုကန့်ကွက်ရှုတ်ချ
DVB
·
July 5, 2016
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ရွာအနီးမှာ ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်နေ့က မန်ကစ်နဲ့ မန်တပ်ရွာက ရွာ ၇ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး နယ်အတွင်းက ရှမ်း၊ ကချင်နဲ့ တအာင်း အရပ်ဖက်အဖွဲ့အစည်း ၅ ခုက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ အပြစ်မဲ့ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးအတွက် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့ ဇူလိုင်လ ၄ ရက်နေ့က ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလို အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာဟာ လက်ရှိအစိုးရက အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်ကိုလည်း ကြီးမားစွာ ထိခိုက်စေတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီလို လုပ်ရပ်သာ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အပြင် ပြင်သူနဲ့ တပ်မတော်အကြား၊ တပ်မတော်နဲ့ တိုင်းသားတွေအကြား ယုံကြည်မှုပျက်ပြားစေတဲ့အပြင် အစိုးရက ခေါ်ယူကျင်ပမယ့် ၂၁ ရာစုပင်လုံညီလာခံကိုများစွာ ထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိုင်းယော်ရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့က တွေ့ရှိထားတဲ့ အလောင်း ၇ လောင်းဟာ တအာန်းတပ်မတော် တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း၊ အဲဒီအမှုကို တရားမျှတစွာ အမှန်တရား ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဇူလိုင်လ ၃ ရက်နေ့ကထုတ်ပြန်ကြညာခဲ့ပါတယ်။ သေဆုံးခဲ့သူတွေဟာ တီအန်အယ်အေရဲ့ တပ်သားတွေမဟုတ်ပဲ ပြောင်းဖူးခြံလုပ်သား ဒေသခံတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့က တုတ်ပြန်တဲ့ မြန်မာ့တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ အလောင်း ၇ လောင်းနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း၊ တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅၊ ၂၆ ရက်တို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲပြီးတဲ့နောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ TNLA တပ်ဖွဲ့ဝင် ၇ ဦးရဲ့ အလောင်းကို တွေ့ရှိတဲ့အတွက် မြေမြှုပ်သဂြိုလ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024