အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာရောင်းမည့်စနစ် သတ်မှတ်ပေးသင့်ဟု ဆို
DVB
·
July 5, 2016
အခြေခံလူတန်းစားတွေ ပေးနိုင်မယ့်ငွေပမာဏကို လေ့လာသုံးသပ်ပြီး တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချသွားမယ့်စနစ်ကို သတ်မှတ်ပေးသင့်တယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းက ပြောဆိုလိုက်ပါတယ်။
လက်ရှိအချိန်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အခြေခံလူတန်းစားတွေနေထိုင်ဖို့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်နေပေမယ့် ငွေပေးချေမှုစနစ်ကြောင့် မဲနှိုက်ပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ၀ယ်ယူနိုင်ခြင်း မရှိသေးပါဘူး။
တန်ဖိုးနည်းအိမ်ရာတွေဟာ ပြည်သူတွေရဲ့ဝင်ငွေပမာဏကို လေ့လာပြီးမှသာ တည်ဆောက် ပေးသင့်တယ်လို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကြည်လင်က ပြောပါတယ်။
လူနေသိပ်သည်းပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် သာမန်လူတန်းစားတွေ အိမ်ရာပိုင်ဆိုင်နိုင်မယ့် ရည်ရွယ်ချက်တွေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိန်း ၁၀၀ ၀န်းကျင်တန်ဖိုးနည်း အိမ်ရာ ၈ ထောင်ကျော်ကို လာမယ့် ၂ နှစ်အတွင်း ဆောက်လုပ်မယ်လို့ ပြောဆိုထားပါတယ်။