စီတီးမတ်ရှေ့တွင် မီနီထရပ်ကားတစီး လမ်းဘေးအငှားယာဉ်ကို တိုက်မိပြီး တိမ်းမှောက်





1.5K
တောင်ဥက္ကလာမြို့နယ် ဝေဇယန္တာလမ်း City Mart ရှေ့မှာ ဇူလိုင်လ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က Air Con ကုမ္ပဏီတခုက မီနီထရပ်လုပ်ငန်းသုံးကား အရှိန်လွန်ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ အငှားယာဉ်ကို တိုက်မိကာ တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါလာသူ အနည်းဆုံး ၉ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူသေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ဓာတ်ပုံ- ညိုမင်းလွင်