အမျိုးသမီးပုံသဏ္ဌာန် အသီးသီးသည့် ထူးဆန်းသစ်ပင်

ဒီသစ်ပင်ဟာ ဗုဒ္ဓဘုရားရှင်က ဖန်ဆင်းပေးထားတဲ့ သစ်ပင်လို့ ယုံကြည်နေကြပေမယ့် အများစုကတော့ ဒါကို လက်မခံနိုင်ကြပါဘူး။
ထိုင်းနိုင်ငံမှာ စိုက်ပျိုးထားတဲ့ ဒီသစ်ပင်ကနေ အမျိုးသမီးငယ်တယောက်ရဲ့ ပုံစံတူ အစိမ်းရောင်အသီးတွေ သီးနေပြီး ဒါဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ကာ ဝေခွဲမရနိုင်အောင် ဖြစ်နေကြတာပါ။
အများစုကတော့ ဒီအစိမ်းရောင်အသီးတွေရဲ့ ပုံသဏ္ဌာန်ကို အံ့အားသင့်နေကြပြီး တချို့ကတော့ ဒါကို လက်ခံနိုင်ဖို့ စိတ်ရှုပ်ထွေးနေကြပါတယ်။
ဗုဒ္ဓဘာသာ ဒဏ္ဍာရီလာ ဇာတ်လမ်းတွေမှာတော့ နာရီဖွန်လို့ အမည်ရတဲ့ သစ်ပင်ဟာ ခုလို အမျိုးသမီးပုံသဏ္ဌာန် အသီးသီးတဲ့ သစ်ပင်အမျိုးအစားဖြစ်ပြီး ဒဏ္ဍာရီလာ ဟီမဖန် အမည်ရတဲ့ တောထဲမှာ ပေါက်ရောက်တယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းဟာ ဗုဒ္ဓဘုရားရှင် အင်ဒရာရဲ့ ဇာတ်လမ်းက စတင်ခဲ့တာပါ။ အင်ဒရာဟာ ဇနီးဖြစ်သူ ဗီဆန်ထရာ၊ ကလေး ၂ ယောက်တို့နဲ့အတူ တောနက်ထဲကအိမ်မှာ နေထိုင်ကြတာပါ။
ဇနီးဖြစ်သူ ဗီဆန်ထရာဟာ တောထဲကို အစာရှာသွားချိန်မှာ တခြား သတ္တ၀ါအထီးတွေရဲ့ ရန်ပြုတိုက်ခိုက် ခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ အင်ဒရာက သူ့ဇနီး အစာရှာထွက်ချိန်မှာ အဆိုပါသတ္တ၀ါတွေကို အာရုံလွှဲပြောင်းပေးနိုင်ဖို့ ဇနီးဖြစ်သူ ပုံစံတူ အသီးသီးနိုင်တဲ့ အထူးသစ်ပင် ၁၂ ပင်ကို ဖန်ဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအသီးတွေကို ခူးယူသွားကြသူတွေဟာ အိမ်ရောက်တာနဲ့ သူတို့နဲ့ ချစ်တင်းနှောပြီး ၄ လလောက် အိပ်ပျော်သွားကာ သူတို့ရဲ့စွမ်းအားတွေ ပျောက်ဆုံးကုန်လိမ့်မယ်လို့ ဆိုပါတယ်။
ဒီ ထိုင်းရှေးရိုးရာပုံပြင်အရ အင်ဒရာနဲ့ သူ့ရဲ့ဇနီး ကွယ်လွန်ပြီးနောက်မှာလည်း ဒီသစ်ပင်တွေဟာ အသီးတွေ ဆက်သီးနေဆဲဖြစ်တယ်လို့ ယုံကြည်နေကြတာပါ။
ဘန်ကောက်မြို့အနီးက ဗုဒ္ဓဘာသာ ဘုရားကျောင်းအနီးမှာ နာရီဖွန်သစ်သီးတောင့် ၂ တောင့် ရှိခဲ့တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။
လက်ရှိမှာတော့ နာရီပွန် မိန်းကလေးငယ်ပုံသဏ္ဌာန် လေမှုတ်သွင်းထားတဲ့ လက်ဆောင်အရုပ်တွေဟာ ထိုင်းနိုင်ငံ နေရာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေကြတာ ဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။