A d v e r t i s e m e n t With Us

ဇေကမ္ဘာဝင်းအတွင်းက ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးမှု အဓိကတရားခံ မဖမ်းမိသေး

မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာ၀င်းအနီးမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းမှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က ကုန်တင်ကားအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သန်းကျော် ပိုင်ရှင်မဲ့ ဖမ်းမိတဲ့ မူးယစ်မှုပါဝင်သူတွေကို ဖမ်းမိထားပေမယ့် အဓိကအကျဆုံးသူတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ အမှုရဲ့တရားလိုဖြစ်တဲ့ ဒုရဲမှူးဝင်းမြင့်က ဒီဗွီိဘီကိုပြောပါတယ်။ လက်ရှိမှာ ဒီအမှုနဲ့ပတ်သက်တဲ့သူ ၁၀ ယောက်နဲ့အထက်ကိုဖမ်းမိထားပြီး မကြာသေးခင်ကဘဲ ၂ ယောက်ထပ်မိထားပါတယ်။ အဲဒီထဲမှာအများစုကတော့ ရခိုင်လူမျိုးတွေဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီအမှုနဲ့ပက်သက်တဲ့ အဓိကအလိုရှိနေတဲ့ စိုးရှင်း၊ ဝင်းလှိုင်၊ ကျော်အေးလှိုင်၊ ကျော်လှိုင်တို့ကို မဖမ်းမိသေးဘူးလို့ သိရပါတယ်။ ဒီအမှုကို CID နဲ့ မူးယစ်(ဗဟို)က ကိုင်တွယ်ဆောင်ရွက်နေပြီး တရားစွဲဆိုရာမှာလည်း CID က ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လထဲမှာ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းထဲမှာ ကုန်တင်ယာဉ် တစီးပေါ်က အေမရိကန်ဒေါ်လာ ၁၀၆ တန်ဖိုးရှိပြီး စိတ်ကြွဆေးပြား ၂၆ သန်းကျော်ဖမ်းမိတဲ့ ကမ္ဘာ့ဒုတိယအများဆုံး မူးယစ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အခုနှစ်ဇွန်လထဲမှာလဲ တရုတ်-မြန်မာ နယ်စပ်မှာ အမေရိကန်ဒေါ်လာ ၃၅ သန်းလောက်ရှိတဲ့ မီသမ်ဖက်တမင်းမူးယစ်ဆေးပြား ၂၁ သန်းကို ထပ်မံဖမ်းမိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up