၁ ရက်အတွင်း တအောင်းတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်
DVB
·
July 5, 2016
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်အတွင်း မနေ့ ဇူလိုင်လ ၄ ရက်နေ့က တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား တရက် အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ပါတယ်။
မနေ့ ညနေ ၆ နာရီကနေ ည ၈ နာရီအထိ မန်တုံမြို့နယ်၊ မန်မိုင်ကျေးရွာ၌ ၁ ကြိမ်၊ ညနေ ၄ နာရီ မှ ၆ နာရီခွဲထိ မန်အီကျေးရွာနဲ့ ဟိုနားရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါ တယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ် ကိန်းကိုင်ရွာအနီးမှာလည်း မနေ့မနက်ပိုင်းက တအာင်းတပ်မတော် တပ်ရင်း ၉၈၇ နဲ့ RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။