၁ ရက်အတွင်း တအောင်းတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်အတွင်း မနေ့ ဇူလိုင်လ ၄ ရက်နေ့က တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား တရက် အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ပါတယ်။ မနေ့ ညနေ ၆ နာရီကနေ ည ၈ နာရီအထိ မန်တုံမြို့နယ်၊ မန်မိုင်ကျေးရွာ၌ ၁ ကြိမ်၊ ညနေ ၄ နာရီ မှ ၆ နာရီခွဲထိ မန်အီကျေးရွာနဲ့ ဟိုနားရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါ တယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ် ကိန်းကိုင်ရွာအနီးမှာလည်း မနေ့မနက်ပိုင်းက တအာင်းတပ်မတော် တပ်ရင်း ၉၈၇ နဲ့ RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up