ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာလုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးပွဲကို ဒီနေ့ တက်ရောက်ဆွေးနွေး နေပါတယ်။
ဇူလိုင် ၃ ရက်ကစပြီး ၄ ရက်ကြာ ပြုလုပ်နေတဲ့ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ၂ ခုစလုံးရဲ့ ဆွေးနွေးချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ထံ ရှင်းလင်းတင်ပြဖို့ရှိတယ်လို့ ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဟာ သြဂုတ်လအတွင်း ညီလာခံ စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ဆွေးနွေးနေကြတာဖြစ်ပြီး ဒီနေ့မှာ အတိုင်ပင်လံပုဂ္ဂိုလ်က လိုအပ်တဲ့ မူဝါဒများ ချမှတ်ပေးမှာ ဖြစ်ပါတယ်။
နိုင်ငဲတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဦးဆောင်ပြုလုပ်နေပြီး အခု လလယ်ပိုင်းမှာလည်း အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ဓာတ်ပုံ - ကျော်ဇေယျာဝင်း