A d v e r t i s e m e n t With Us

အိုလံပစ်ပြိုင်ပွဲတွင် ကံကောင်းစေရေး ဂျပန်ပရိသတ်များ ဆုတောင်းပေး

ဓာတ်ပုံ - ရိုက်တာ
အိုလံပစ်ပြိုင်ပွဲဝင်မယ့် ဂျပန်အားကစားသမားတွေကို ပရိသတ်တွေက ကံကောင်းစေဖို့ ဆုတောင်းပေးတဲ့ အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့က တိုကျိုမြို့မှာရှိတဲ့ ယိုယိုဂျီး အားကစားရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ရှေ့လကျရင် ဘရာဇီးမှာကျင်းပမယ့် အိုလံပစ်ကို ဂျပန်အားကစားသမား ၃၂၆ ဦး စေလွှတ်ဖို့ ရှိပါတယ်။ အခမ်းအနားမှာ အဖြူအနီဝတ်စုံတွေကို ၀တ်ဆင်ထားတဲ့ အားကစားသမားတွေနဲ့ နည်းပြတွေဟာ ပရိသတ်တသောင်းကို နှုတ်ဆက်ကြပါတယ်။ ဂျပန်ဟာ ဘရာဇီးအိုလံပစ်ပြီးတဲ့အခါ နွေရာသီအိုလံပစ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာဖြစ်လို့ ရီယိုအိုလံပစ်မှာ အောင်မြင်မှုရရှိဖို့လည်း မျှော်မှန်းနေပါတယ်။ ၀န်ကြီးချုပ် ရှင်ဇို အာဘေး ပေးပို့ထားတဲ့ ဗွီဒီယိုမိန့်ခွန်းမှာလည်း ရီယိုအိုလံပစ်ရဲ့ အောင်မြင်မှုဟာ ဂျပန်အိုလံပစ်အတွက် အင်အားတွေ ဖြစ်လာလိမ့်မယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ လန်ဒန်အိုလံပစ်မှာ ဂျပန်အားကစားသမားတွေဟာ ဆုတဆိပ်တွေ မရစဘူး အများဆုံး ရရှိခဲ့ပါတယ်။ ကြေး ၁၇ ခု၊ ငွေ ၁၄ ခုနဲ့ ရွှေ ၇ ခု စုစုပေါင်း ဆုတံဆိပ် ၃၈ ခု ရရှိခဲ့တာပါ။ ဘရာဇီးအိုလံပစ်မှာ ယှဉ်ပြိုင်မယ့် ဂျပန်အသင်းကို အမျိုးသမီး နပန်းပြိုင်ပွဲမှာ သုံးကြိမ် ရွှေတံဆိပ်ရရှိထားတဲ့ ဆိုရီ ယိုရှီဒါက ဦးဆောင်မှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း စတုတ္ထမြောက် အိုလံပစ် ရွှေတံဆိပ် ရရှိဖို့ မျှော်မှန်းနေပါတယ်။ ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ အိုလံပစ်ပွဲတော်ကို သြဂုတ်လ ၅ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up