A d v e r t i s e m e n t With Us

မန်စီးတီးနည်းပြသစ် ဂွါဒီယိုလာ အသင်းပရိသတ်များနှင့် မိတ်ဆက်

ဓာတ်ပုံ - ရိုက်တာ
မန်စီးတီးအသင်း နည်းပြသစ် ဂွါဒီယိုလာနဲ့ အသင်းပရိသတ်တွေ မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက်နေ့က မန်စီးတီးအိမ်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ဂွါဒီယိုလာဟာ အရင်က ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ အီတီဟတ် ဘောလုံးကွင်းမှာ ပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ပရိသတ်ထောင်ချီ စုရုံးခဲ့ပြီး နည်းပြသစ်က မန်စီးတီးအသင်းကို နည်းပြအနေနဲ့ ကိုင်တွယ်ခွင့်ရတဲ့အတွက် ၀မ်းသာတဲ့အကြောင်းနဲ့ အသင်းကို အောင်မြင်မှုရရှိအောင် ဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။ ဘောလုံးပွဲတပွဲ အပြီးမှာ ရလဒ်က ဘာလဲ၊ တရာသီပြီးသွားတဲ့အခါ ရလဒ်က ဘာလဲဆိုတာ အရေးကြီးတယ်။ နောက်ဆုံးကျတော့ အသင်းပရိသတ်တွေအနေနဲ့ ကိုယ့်အသင်းအတွက် ဂုဏ်ယူနိုင်ရမယ်လို့ နည်းပြသစ် ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြသစ်ကို မိတ်ဆက်တဲ့ အခမ်းအနားမှာပဲ အသင်းအမှတ်တံဆိပ်အသစ်၊ အိမ်ကွင်းဝတ်စုံအသစ်၊ ၀က်ဆိုက်အသစ်တို့ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up