Home
မြန်မာသတင်း
ရခိုင်ပြည်သူများ လိုလားချက်အတိုင်း‘ရခိုင်လူမျိုး’ဟုသာ သုံးစွဲမည်ဟု ပြည်နယ်အစိုးရ ထုတ်ပြန်
DVB
·
July 4, 2016
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ  ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့  အခြေအနေတွေအရ "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူ ရခိုင်တိုင်းရင်းသားများ" အသုံးအနှုန်းကို လုံးဝ ခေါ်ဝေါ်သုံးစွဲမည် မဟုတ်ဘဲ "ရခိုင်လူမျိုး"ဟု ရခိုင်ပြည်သူများ လိုလား ချက်အတိုင်းသား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်က  အစိုးရပြန်ကြာရေးဝန်ကြီးဌာနကနေပြီး အဆိုပါ အသုံးအနှုန်းကို သုံးနှုန်းခဲ့တဲ့အပေါ်  ရခိုင်အစိုးရအနေနဲ့ ပြည်သူတွေရဲ့လိုလားချက်နဲ့အညီ ရခိုင်တိုင်းရင်းသားကိုသာ သုံးနှုန်းမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။ “ကုန်ခဲ့တဲ့ ၁ ပတ်လောက်ကနေပြီး ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ အဲလိုအသုံးတခု သုံးလိုက်တာ ရှိတယ်လေ။ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ကိုးကွယ်သော တိုင်းရင်းသားများ ဆိုပြီးတော့ ထုတ်ပြန်လိုက်တာလေး ရှိတယ်။ အဲဒီအပေါ်မှာပဲ ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားအဖြစ်ပဲ သုံးမယ်။ အဲဒါလေးကို ထုတ်ပြန်လိုက်တာပါ။ ပြည်သူတွေရဲ့ လိုလားချက်နဲ့အညီ ကျန်တဲ့ကိစ္စတွေမှာလည်း လုပ်သွား မယ်။ အသုံးပြုသွားမယ်ဆိုတဲ့ဟာမျိုးကို ထုတ်ပြန်လိုက်တာပါ။” လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ဆိုတဲ့ စာရွက်တွေမှာ ဖော်ပြထားတဲ့ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာကိုးကွယ်သူများ၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာကိုးကွယ်သူများ ဆိုတဲ့စကားလုံးတွေကို လက်မခံနိုင်ကြောင်း ရခိုင်ပြည်သူတွေ ကန့်ကွက်ခဲ့ကြတာပါ။ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ “ရခိုင်ပြည်နယ်မှာ မွတ်ဆလင် အသိုင်းအ၀န်း”လို့ သုံးနှုန်း ခေါ်ဆိုဖို့ မြန်မာကိုယ်စားလှယ်က တင်ပြခဲ့တာနဲ့ ပတ်သက်လို့လည်း မနေ့က ရခိုင်ပြည်နယ်တွင်းက မြို့ ၁၅ မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024