ဝမ်းတွင်းမြို့နယ်တွင် ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များပြား

မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် ဆူပန်းကျေးရွာမှာ ကလေး ၇ ဦးထံကနေ သွေးလွန်တုတ်ကွေးရောဂါ တွေ့ရှိတဲ့အတွက် သံသယရှိတဲ့ ကလေး ၂၂ ဦးကို ဆေးစစ်ပြီး စောင့်ကြည့်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဇူလိုင် ၃ ရက်နေ့က ဝမ်းတွင်းမြို့နယ် ဆူပန်းကျေးရွာမှာ ကလေး ၇ ဦး သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားခဲ့တဲ့အတွက် ၀မ်းတွင်းမြို့ ပြည်သူ့ဆေးရုံနဲ့ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက် ကုသနေတယ်လို့ သိရပါတယ်။ ၀မ်းတွင်းမြို့ ပြည်သူ့ဆေးရုံမှာ ကလေးငယ် ၄ ဦးနဲ့ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံမှာ ကလေးငယ် ၃ ဦး တက်ရောက်ဆေးကုခံယူနေရပါတယ်။ ဒါ့အပြင် သံသယရှိတဲ့ ကလေး ၂၂ ဦးကိုလည်း ဆေးစစ်ထားပြီး စောင့်ကြည့်အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးမှုမရှိဘဲ ဆေးရုံတက်ရောက် ကုသနေတဲ့ ကလေး ၇ ဦးလည်း သက်သာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာနေ ဒေသခံတွေကတော့ ရွာထဲမှာရေဝပ်နေတဲ့ ဗွက်အိုင်တွေကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရတာလို့ ဆိုပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up