အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်တွင် ရေကြီး တောင်ပြို၊ အနည်းဆုံး လူ ၆၀ သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးရာသီ ရေကြီးရေလျှံ တောင်ပြိုမှုတွေ ဖြစ်နေပြီး ဇူလိုင် ၄ ရက်နေ့အထိ အနည်းဆုံး လူ ၆၀ ကျော် သေဆုံးသွားပါတယ်။
ပါကစ္စတန်နိုင်ငံ၊ ချီတရီလ်ခရိုင်မှာ လူနေအိမ်တွေနဲ့ ဗလီတလုံး ပျက်စီးခဲ့ပြီး လူအနည်းဆုံး ၃၀ သေဆုံးတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက အတည်ပြုပါတယ်။
အိန္ဒိယမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာလည်း ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေနဲ့ ဇူလိုင် ၄ ရက်နေ့အထိ လူအနည်းဆုံး ၃၀ သေဆုံးပါတယ်။
အခုရာသီဟာ တောင်အာရှနိုင်ငံတွေမှာ မုတ်သုံရာသီဖြစ်ပြီး ရေကြီးရေလျှံမှုတွေ၊ မုန်တိုင်းတွေနဲ့ နှစ်စဉ် လူ ရာနဲ့ချီပြီး သေဆုံးကြတာပါ။
အခုလည်း ရာသီဥတုက ဆိုးရွားတဲ့အတွက် နှစ်နိုင်ငံလုံးမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း အခက်အခဲ ဖြစ်ကြတာပါ။
ပါကစ္စတန်နိုင်ငံ၊ ချီတရီလ်ပြည်နယ်ထဲက ဗလီတလုံးမှာ ရာမာဒန်ဥပုသ်လ ညနေပိုင်း ၀တ်ပြုချိန်မှာ ရေနစ်မြုပ်သွားပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။