A d v e r t i s e m e n t With Us

မိုးကြီး၊ မြေပြိုမှု အထူးဂရုပြုရန် ဒေါက်တာထွန်းလွင် သတိပေး

ဇူလိုင်လ ၂ ရက်နေ့ကနေ  ၈ ရက်နေ့ထိ  မြန်မာနိုင်ငံ ဒေသတချို့မှ မိုးသည်းထန်စွာ ရွာသွန်း နိုင်တဲ့အတွက် ရေကြီးမြေပြိုမှုတွေ အထူးဂရုပြုကြဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ခန်းမှန်းချက်မှာ  ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ  နေရာကွက်ကျား၊ လာမယ့်ရက်တပတ်အတွင်း မိုးသည်း ထန်စွာရွာသွန်းနိုင်တယ်လို့ ခန်းမှန်းထားပါတယ်။ ဒါကြောင့် ကုန်းမြင့်ဒေသတွေမှာ နထိုင်ကြသူများအနေနဲ့ တောင်ကျရေများ၊ လျပ်တပြက်ရေကြီး မှုများ၊ မြေပြိုမှုများကို အထူးဂရုပြုနေထိုင်ရန်လို  လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up