အွန်လိုင်းပေါ် နာမည်ကျော်သွားသည့် ဈေးသည် ခွေးကလေး (ဓာတ်ပုံ)

2.8K
ရှောင်ပီဟာ အသက် ၇ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံမှ ခွေးကလေးတကောင်ပါ။
လက်ရှိမှာတော့ သူဟာ သစ်သီးတွေကို ပုံစံမျိုးစုံဝတ်ဆင်ပြီး အရောင်းမြှင့်တင်မှုလုပ်တဲ့ ဓာတ်ပုံတွေကြောင့် အွန်လိုင်းပေါ်မှာ ရေပန်းစားနေတာပါ။
ရှောင်ပီရဲ့သခင်ဖြစ်သူဟာ တိုင်နန်းမြို့မှာ နေထိုင်တဲ့ အမျိုးသမီးကြီးတဦးဖြစ်ကာ သူရဲ့ကိုယ်မှာ ရာသီအလိုက် သီးနှံတွေနဲ့ အလှဆင်ပြီး ရောင်းချလေ့ရှိတယ်လို့ ဆိုပါတယ်။
ရာသီနဲ့ ပွဲတော်တွေအလိုက် သူ့ကိုဆင်ယင်ပေးတဲ့ အသီးအနှံတွေဟာ ကွဲပြားတယ်လို့ ဆိုပါတယ်။
နွေရာသီမှာဆိုရင်တော့ ဖရဲသီးအပေါ်ခွံ၊ လိုင်ချီးသီးတွေနဲ့ ဆင်ယင်ထားတဲ့ တကယ့်ဈေးသည်ပုံ ဆင်ယင်ထားတဲ့ ရှောင်ပီ့ကို တွေ့ရမှာပါ။
သခင်ဖြစ်သူ အမျိုးသမီးကြီးက ရှောင်ပီဟာ သူ့အတွက် တကယ့်ကို ကူညီပေးနိုင်တဲ့ လက်တဘက်ဖြစ်ပြီး သူ့ရဲ့ကူညီမှုကြောင့် ပိုပြီးရောင်းရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့သခင်ဖြစ်သူက ရှောင်ပီရဲ့ဇာတ်လမ်းကို ပြောပြလိုက်ချိန်မှာတော့ သူ့မှာ ပရိသတ်တွေ ထောင်နဲ့ချီ ရရှိလာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ