ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းပွဲပြုလုပ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာရှိတဲ့ စားသောက်ဆိုင်ကို လက်နက်ကိုင်တွေ စီးနင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေအတွက် ၀မ်းနည်းဆုတောင်းပွဲကို ဇူလိုင် ၃ ရက်နေ့ နှောင်းပိုင်းမှာ ပြုလုပ်ပါတယ်။
သံတမန်ရပ်ကွက်ထဲမှာရှိတဲ့ စားသောက်ဆိုင်ကို ဇူလိုင် ၁ ရက်နေ့ နှောင်းပိုင်းက စစ်သွေးကြွတွေ ၀င်စီးပြီး လူအယောက် ၂၀ ကို သတ်ဖြတ်ခဲ့ပါတယ်။
သေဆုံးသွားသူတွေထဲမှာ အီတလီလူမျိုး ၉ ဦး၊ ဂျပန် ၇ ဦး၊ အမေရိကန် ၁ ဦးတို့ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ၃ ဦးလည်း ပါဝင်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာထားပေမယ့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကတော့ တိုက်ခိုက်မှုဟာ အိုင်အက်စ်အဖွဲ့ ဒါမှမဟုတ် အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက အစွန်းရောက်တွေရဲ့လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက် ဒီနေ့မှာလည်း ဆုတောင်းပွဲကို စစ်တပ် အားကစားကွင်းကြီးထဲမှာ ပြုလုပ်မှာဖြစ်ပြီး ၀န်ကြီးချုပ် ရှိတ် ဟာစီနာ ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်။