ဘင်္ဂလားဒေ့ရှ် စားသောက်ဆိုင် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းပွဲပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာရှိတဲ့ စားသောက်ဆိုင်ကို လက်နက်ကိုင်တွေ စီးနင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေအတွက် ၀မ်းနည်းဆုတောင်းပွဲကို ဇူလိုင် ၃ ရက်နေ့ နှောင်းပိုင်းမှာ ပြုလုပ်ပါတယ်။ သံတမန်ရပ်ကွက်ထဲမှာရှိတဲ့ စားသောက်ဆိုင်ကို ဇူလိုင် ၁ ရက်နေ့ နှောင်းပိုင်းက စစ်သွေးကြွတွေ ၀င်စီးပြီး လူအယောက် ၂၀ ကို သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသွားသူတွေထဲမှာ အီတလီလူမျိုး ၉ ဦး၊ ဂျပန် ၇ ဦး၊ အမေရိကန် ၁ ဦးတို့ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ၃ ဦးလည်း ပါဝင်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာထားပေမယ့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကတော့ တိုက်ခိုက်မှုဟာ အိုင်အက်စ်အဖွဲ့ ဒါမှမဟုတ် အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက အစွန်းရောက်တွေရဲ့လက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၄ ရက် ဒီနေ့မှာလည်း ဆုတောင်းပွဲကို စစ်တပ် အားကစားကွင်းကြီးထဲမှာ ပြုလုပ်မှာဖြစ်ပြီး ၀န်ကြီးချုပ် ရှိတ် ဟာစီနာ ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up