ကျောင်းသားသမဂ္ဂညီလာခံ ကျင်းပနိုင်ရေး တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများ ဆွေးနွေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂညီလာခံ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားတွေ ညှိနှိုင်းဆွေးနွေးနေကြပါတယ်။ ပဲခူးမြို့နယ် အင်းတကော်မြို့ ကျောက်တန်းကျေးရွာ ပန်းပျိုးလက်ဘုန်းကြီးကျောင်းမှာ မြန်မာ တနိုင်ငံလုံးက တက္ကသိုလ်ကျောင်းသားပေါင်းစုံ တွေ့ဆုံပြီး တနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံခေါ်ဆိုနိုင်ရေး ဇူလိုင်လ ၂ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။ လက်တလောအနေနဲ့ ခရိုင်အဆင့် ကျောင်းသားသဂ္ဂဖွဲ့စည်းနိုင်ရေး ညှိနှိုင်းနေကြပါတယ်။ တချို့ ကျောင်းသားတွေကလည်း ခရိုင်အဆင့်ပြုလုပ်ဖို့ကို ကွဲလွဲနေပြီး အခုချိန်ထိတော့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်စိုးမိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up