သန်လျှင်တံတား ပိတ်ဆို့မှုပြဿနာ ဖြေရှင်းရန် သတင်းစာရှင်းလင်း
DVB
·
July 4, 2016
သန်လျှင်အမှတ် ၁ တံတား ပိတ်ဆို့မှုပြဿနာကိုဖြေရှင်းဖို့အတွက် သတင်းစာရှင်းလင်းပွဲကို သန်လျှင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပနေပါတယ်။
သန်လျှင်ဘက်တံတားအတက်ကနေ သာကေတဘက်ခြမ်းအထိ နေ့စဉ်ပိတ်ဆို့နေတဲ့အတွက် သန်လျှင်မြို့နေပြည်သူတွေ အခက်အခဲကြုံတွေ့နေရတာကြောင့် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတာကို ရှင်းလင်းခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်စိုး၊ တိုင်းဒေသကြီးအမှတ် ၁ လွတ်တော် ကိုယ်စား လှယ် ဦးနေလင်းအောင်၊ တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း တို့နဲ့ သန်လျှင်မြို့နယ် အထွေအထွေအုပ်ချပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မြန်မာ့မီးရထား က တာဝန်ရှိသူတွေ၊ မြို့တော်စည်ပင်ကတာဝန်ရှိသူတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူ တွေက ပါဝင်ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။
အစိုးရဘက်က ဆောင်ရွက်ပေးရမှာဖြစ်ပေမယ့် ပြည်သူတွေနေစဉ်ကြုံတွေ့နေရတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကဦးဆောင်ပြီးလုပ်ဆောင်ပေးနေတာလို့ တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - ဟိန်းကို