Home
မြန်မာသတင်း
သန်လျှင်တံတား ပိတ်ဆို့မှုပြဿနာ ဖြေရှင်းရန် သတင်းစာရှင်းလင်း
DVB
·
July 4, 2016
13606570_1732078827010090_2196087035290006902_n
သန်လျှင်အမှတ် ၁ တံတား ပိတ်ဆို့မှုပြဿနာကိုဖြေရှင်းဖို့အတွက် သတင်းစာရှင်းလင်းပွဲကို သန်လျှင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပနေပါတယ်။ သန်လျှင်ဘက်တံတားအတက်ကနေ သာကေတဘက်ခြမ်းအထိ နေ့စဉ်ပိတ်ဆို့နေတဲ့အတွက် သန်လျှင်မြို့နေပြည်သူတွေ အခက်အခဲကြုံတွေ့နေရတာကြောင့် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတာကို ရှင်းလင်းခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်စိုး၊ တိုင်းဒေသကြီးအမှတ် ၁ လွတ်တော် ကိုယ်စား လှယ် ဦးနေလင်းအောင်၊ တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း တို့နဲ့ သန်လျှင်မြို့နယ် အထွေအထွေအုပ်ချပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မြန်မာ့မီးရထား က တာဝန်ရှိသူတွေ၊ မြို့တော်စည်ပင်ကတာဝန်ရှိသူတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူ တွေက ပါဝင်ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။ အစိုးရဘက်က ဆောင်ရွက်ပေးရမှာဖြစ်ပေမယ့် ပြည်သူတွေနေစဉ်ကြုံတွေ့နေရတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကဦးဆောင်ပြီးလုပ်ဆောင်ပေးနေတာလို့ တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ - ဟိန်းကို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024