Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ လှူဒါန်းနိုင်
DVB
·
July 4, 2016
ရန်ကုန်နဲ့ နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်များမှာ ပြသဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးဓာတ်ပုံများ လှူဒါန်းကြဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဌာနမှာ ဗိုလ်ချုပ်ဓာတ်ပုံအချို့ရှိပေမယ့် ပြည်သူများ စုဆောင်းထားတဲ့ ရှားပါးဓာတ်ပုံတွေ လိုချင်လို့ အလှူခံတာ ဖြစ်ပါတယ်။ အလှူခံရရှိတဲ့ ဗိုလ်ချုပ်ဓာတ်ပုံတွေကို စကင်ဖတ် ဗီနိုင်းထုတ်ပြီး ဗိုလ်ချုပ်နေအိမ် လျှောက်လမ်းတွေမှာ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ လှူဒါန်းလိုသူများဟာ ဒေါ်နန်းလောဝ်ငင်း ညွှန်ကြားရေးမှူး၊ အမျိုးသားပြတိုက် (ရန်ကုန်) (၀၉-၅၂၁၄၃၈၆)၊ ဦးစောလွင် ဒုတိယညွှန်ကြားရေးမှူး၊ မကွေးဌာနခွဲ (၀၉-၈၅၂၂၁၀၇)၊ ဦးကျော်အေး ဦးစီးအရာရှိ၊ အမျိုးသားပြတိုက် (ရန်ကုန်) (၀၉-၉၆၀၀၄၇၉၀၀)၊ ဒေါ်မေမဉ္ဇူ သုတေသန လ/ထ-၄၊ မကွေးဌာနခွဲ ဗိုလ်ချုပ်ပြတိုက် (နတ်မောက်) တို့ထံ ဆက်သွယ်ပြီး   လူကိုယ်တိုင် လှူဒါန်းနိုင်ကြပါတယ်။ အခုအခါ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်နေအိမ်ကို ယဉ်ကျေးမှုဌာနက အကြီးစားပြင်ဆင်နေပြီး ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ဖွင့်လှစ်ပြသမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024