A d v e r t i s e m e n t With Us

လွှတ်တော်အစည်းအဝေးများ ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည်

ရပ်နားလိုက်တဲ့ ဒုတိယအကြိမ် လွှတ်တော်တွေကို ဒုတိယပုံမှန်အစည်းအဝေးအဖြစ် လာမယ့် ဇူလိုင် ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ဥက္ကဋ္ဌတွေက ခေါ်ယူလိုက်ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့ပြီး ၄၃ ရက်ကြာ ကျင်းပခဲ့တာပါ။ ဒီအစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၈၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၀၃ ခုတို့ကို မေးမြန်း ဖြေဆိုခဲ့ပြီး အဆိုအနေနဲ့ ၁၂ ခုတို့ကို တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up