ဂျပန်တိုက်စစ်မှူးတဦးကို အာဆင်နယ် ခေါ်ယူရန် သဘောတူ

တာကူမာ အစန်နို(ရှေ့)။ (ဓာတ်ပုံ - ရိုက်တာ)
1.1K
အာဆင်နယ်အသင်းဟာ ဂျပန်ကလပ် စန်ဖရက်ကီ ဟီရိုရှိးမား (Sanfrecce Hiroshima) တိုက်စစ်မှူး တာကူမာ အစန်နို (Takuma Asano) ကို ခေါ်ယူဖို့ သဘောတူလိုက်ပါတယ်။
စီမံခန့်ခွဲရေးကိစ္စတွေ၊ ဆေးစစ်တာတွေ ပြီးတာနဲ့ အသက် ၂၁ နှစ်အရွယ် ဂျပန် ဘောလုံးသမားဟာ အာဆင်နယ်အသင်းကို တရားဝင် ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ၀က်ဆိုက်မှာ ဖော်ပြချက်အရ အစန်နိုဟာ ဂျပန်ကလပ်မှာ သုံးနှစ်ခွဲကာလအတွင်း ၅၆ ပွဲ ကစားခဲ့ပြီး ၁၁ ဂိုး သွင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။