A d v e r t i s e m e n t With Us

အိုက်စလန်ကို ဂိုးပြတ်အနိုင်ယူပြီး အိမ်ရှင် ပြင်သစ် ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

ဇွန် ၃ ရက်နေ့က ယှဉ်ပြိုင်တဲ့ ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် ပြင်သစ်က အိုင်စလန်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။ အိမ်ရှင် ပြင်သစ်အတွက် ဂိုးတွေကို ၁၂ မိနစ်နဲ့ ၅၉ မိနစ်မှာ ဂျရူး၊ ၁၉ မိနစ်မှာ ပေါ့ဂ်ဘာ၊ ၄၂ မိနစ်မှာ ပါယက်နဲ့ ပထမပိုင်း ပြီးခါနီး ၄၅ မိနစ်မှာ ဂရိဖ်မန်းတို့က သွင်းယူပေးခဲ့ပါတယ်။ အိုက်စလန်အတွက် ချေပဂိုး ၂ ဂိုးတော့ ၅၆ မိနစ်မှာ ဆီဂတ်ဆန်နဲ့ ၈၄ မိနစ်မှာ ဂျာနေဆန်တို့က သွင်းယူပေးခဲ့တာပါ။ ပြင်သစ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်ခွင့် ၆၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာလည်း အသာရခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ပြင်သစ်အသင်းဟာ လာမယ့် ဇူလိုင် ၈ ရက်နေ့ကျရင် ဂျာမနီအသင်းနဲ့ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ဝေးလ်တို့ကတော့ လာမယ့်ဇူလိုင် ၇ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အကြိုဗိုလ်လုပွဲတွေမှာ အနိုင်ရတဲ့နှစ်သင်းဟာ ဇူလိုင် ၁၁ ရက်နေ့ကျရင် နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up