A d v e r t i s e m e n t With Us

မိုးကြီးသဖြင့် ရာဇဂြိုဟ်ဆည်ရေ ၁၅ ပေခန့် ရုတ်တရက်မြင့်တက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့မနက်ပိုင်း မိုးကြီးပြီး ရာဇဂြိုဟ်ဆည်အထက် နှုန်းတားဆည်အမှတ် ၃ ပေါ်မှာ ရေ ၁၅ ပေလောက်အထိ ရုတ်တရက်မြင့်တက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းအစိုးရ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ နေရဉ္ဇရာမြစ်မှ ရေတွေ ရာဇဂြိုဟ်ဆည်ထဲကို ၀င်ရောက်လာပြီး ရေအမှတ်၆၅၁ ပေသို့ရောက်ရှိခဲ့ပေမယ့် ဆည်ရဲ့ စိုးရိမ်ရေမှတ်မှာ ပေ ၆၆၀ ဖြစ်လို့ စိုးရိမ်စရာမရှိဘူးလို့လည်း တိုင်းအစိုးရက သတင်းထုတ်ပါတယ်။ မိုးလေ၀သဌာနကတော့ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဇွန် ၃ ရက်မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း ဇူလိုင် ပထမပတ်အတွင်း ပြည်နယ်တိုင်း ၄ခုမှာ မိုးကြီးပြီး လျပ်တပြက်ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဇူလိုင် ၂ ရက်မှ ၈ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ သူက ခန့်မှန်းထုတ်ပြန်လိုက်တာပါ။ ရုပ်သံ -ကလေးမြို့ မီဒီယာ

A d v e r t i s e m e n t With Us

More News
Up