စားနပ်ရိက္ခာပြတ်နေသည့် ဒေသများကို မက္ကဆီကိုလေတပ် အရေးပေါ်ပေးပို့

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ကျောင်းဆရာများသမဂ္ဂ၀င်တွေက လမ်းတွေကို ပိတ်ဆို့ဆန္ဒပြပွဲတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ဒေသတွေကို မက္ကဆီကိုလေတပ်က အရေးပေါ်ထောက်ပံ့ပစ္စည်းတွေ ပေးပို့ခဲ့ပါတယ်။ အခု စနေ၊ တနင်္ဂနွေနေ့ ၂ ရက်မှာ ပြောင်းတန်ချိန် ၁၀၈ တန် ပေးပို့ပေးမယ်လို့ အာဏာပိုင်တွေကပြောဆိုပါတယ်။ ပြီးခဲ့တဲ့လ အိုအာဟကာ Oaxaca မြို့မှာ ကျောင်းဆရာသမဂ္ဂ၀င်တွေနဲ့ ရဲတွေ ထိတ်တိုက်တွေ့ခဲ့ကြပြီး လူ ၈ ဦးသေဆုံးခဲ့ပါတယ်။ ကျောင်းဆရာတွေအပေါ် အရည်အချင်းစစ်ထုတ်ပယ်မယ့် မူဝါဒတွေကို ဗဟိုအစိုးရက ပြဋ္ဌာန်းလာတဲ့အပေါ် ဆရာဆရာမတွေက မကျေမနပ်ဖြစ်ကြတာပါ။ ဒီကျောင်းဆရာများသမဂ္ဂဟာ မက္ကဆီကိုနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုအားသန်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်း သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးခံရချိန်ကစပြီး ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားလာတာပါ။ သမဂ္ဂ၀င်တွေက အဓိကလမ်းမတွေကို ပိတ်ဆို့ဆန္ဒပြတဲ့အတွက် ဝေးလံတဲ့ဒေသတွေမှာ ရိက္ခာထောက်ပံ့ပစ္စည်းတွေ ပေးပို့ဖို့ အခက်အခဲတွေဖြစ်နေတာလို့ မက္ကဆီကိုအစိုးရကပြောဆိုပါတယ်။ ၂၀၁၃ ခုနှစ်က မက္ကဆီကိုသမ္မတက ပြဋ္ဌာန်းခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒတွေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up