DVB Logo
Home
မြန်မာသတင်း
ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကို အက်ဖ်ဘီအိုင် စစ်ဆေးမေးမြန်း
DVB
·
July 3, 2016
ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကို အက်ဖ်ဘီအိုင် စစ်ဆေးမေးမြန်း
Donate to DVB

ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလန်တန်ကို သူနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ် ကာလအတွင်း အီးမေးလ်တွေကို သတ်မှတ်ထားတဲ့ လုံခြုံရေးအဆင့်မြင့်အီးမေးလ်နဲ့ သုံးစွဲမှု ရှိ/မရှိ အက်ဖ်ဘီအိုင်က ဇူလိုင် ၂ ရက်နေ့မှာ မေးမြန်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

အစိုးရထိပ်တန်းလျှို့ဝှက်ချက်တွေကို အစိုးရက သတ်မှတ်ထားတဲ့ လုံခြုံရေးအဆင့်မြင့် အီးမေလ်းနဲ့ မသုံးဘဲ သူ့ရဲ့ကိုယ်ပိုင်အီးမေးလ်ဆာဗာနဲ့ သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံရပြီး သူ့ကိုရော၊ သူ့ရဲ့ အကူဝန်ထမ်းကိုပါ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) က စစ်ဆေးမေးမြန်းတာပါ။

ဇူလိုင် ၂ ရက်နေ့က ၃ နာရီခွဲကြာအောင် စစ်ဆေးမေးမြန်းခဲ့ပြီး ဟီလာရီကတော့ သူ့အပေါ် စွပ်စွဲမှုတွေကို ငြင်းဆန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ဟီလာရီကလင်တန်အပါအ၀င် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေ အီးမေးလ်ကို လုံခြုံမှုရှိရှိ မသုံးခဲ့ကြဘူးလို့ စွပ်စွဲပါတယ်။

ဒါကြောင့် ဒါကိုဥပဒေချိုးဖောက်မှုတခုအဖြစ် ပြဋ္ဌာန်းမလားဆိုတာ အမေရိကန်တရားရေးဌာနက စစ်ဆေးနေတာပါ။

အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးနေ့ ရုံးအားလပ်ရက်တွေမှာ  ဟီလာရီကလန်တင်ကို အခုလိုစစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီအမေရိကန်သမ္မတလောင်း ကြေညာမယ့် ပါတီညီလာခံနဲ့ ကပ်ပြီး စစ်ဆေးမေးမြန်းတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013