ထိုင်းပြည့်တန်ဆာဥပဒေ ပြုပြင်ပေးရန် တောင်းဆို

1.3K
ထိုင်းနိုင်ငံက ရဲတွေဟာ ပြည့်တန်ဆာတွေကို ရုတ်တရက် ပစ်မှတ်ထားဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်နေတာဟာ ကောင်းတဲ့အခြေအနေထက်ပိုပြီး ထိခိုက်နစ်နာ မှုတွေ ရှိနေတဲ့အတွက် ပြည့်တန်ဆာဥပဒေတွေကို ပြုပြင်ဖို့လိုအပ်နေပြီလို့ ထိပ်တန်း လိင်အလုပ်သမား ထောက်ခံရေး အုပ်စုတစုက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ဘန်ကောက်မြို့၊ နတ်ထရီအနှိပ်ခန်းမှာ စီးနင်းဝင်ရောက်ရှာဖွေခဲ့ တဲ့ ဖြစ်စဉ်ဟာ လိင်အလုပ်သမားတွေကို ထိတ်လန့်ကြောက်ရွှံ့မှု ပိုလာအောင်ဖန်တီးခဲ့ပြီး လက်ရှိမှာ အခြေခံကျန်းမာရေးနဲ့ ပညာပေးရေးဆိုင်ရာဝန်ဆောင်မှုတွေတောင် မရယူရဲလောက်အောင် ထိတ်လန့်နေကြတယ်လို့ ၀န်ဆောင်မှုလုပ်သားများဆိုင်ရာအဖွဲ့ (Swing) မှ ဒါရိုက်တာ ဆူရန် ဂျန်ယမ်က ဘန်ကောက်ပို့စ်ကို ပြောပါတယ်။
ခုလိုဝင်ရောက်စီးနင်းမှုနောက်ကွယ်မှာ အသက်မပြည့်သေးတဲ့ လိင်အလုပ်သမတွေနဲ့ နိုင်ငံခြားသား လိင်အလုပ်သမတွေဟာ ၀င်ငွေတွေဆုံးရှုံးကြရပြီး နိုင်ငံခြားသား လင်အလုပ်သမအများစုဟာ အစိုးရရဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ထိန်းသိမ်းခံ ထားကြရတယ်လို့ ဆူရန်က ပြောပါတယ်။
“နတ်ထရီအနှိပ်ခန်းမှာ စီးနင်းဝင်ရောက်ခဲ့မှုပြီးတဲ့အချိန်မှာ ကျမတို့အနေနဲ့ လိင် အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်ဆွေးနွေးရေးစင်တာတခုကို တည် ထောင်ထားခဲ့တယ်” လို့ သူက ပြောပါတယ်။
အမျိုးသမီးလိင်အလုပ်သမတွေဟာ ဒီဝန်ဆောင်မှုကို ရယူဖို့အတွက် တန်းစီ စောင့်ဆိုင်းနေကြချိန်မှာ ရဲအုပ်စုဟာ ကားနဲ့ရောက်လာပြီး သူတို့ကို ဖမ်းဆီးတာတွေ လုပ်ကြတဲ့အတွက် သူတို့လုပ်ငန်းတွေ မအောင်မြင်တော့ပဲ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
“ထိုင်းလိင်အလုပ်သမတွေဟာ အနည်းဆုံးတော့ ကျမတို့စင်တာကို လာကြတယ်။ ဒါပေမယ့် နိုင်ငံခြားသား လိင်အလုပ်သမတွေက အပြင်ထွက်ရမှာ ထိတ်လန့်နေကြတဲ့အတွက် မလာရဲကြတော့ဘူး”
“နိုင်ငံခြားသားလိင်အလုပ်သမတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဖို့ လိုအပ်တယ်။ သူတို့ထဲက အများစုဟာ အိပ်ခ်ျအိုင်ဗွီရောဂါပိုး သယ်ဆောင်ထားရသူတွေ ဖြစ်တယ်။ တကယ်လို့ သူတို့ဟာ ရောဂါအန်တုနိုင်တဲ့ ပိုးသတ်ဆေးတွေမရရှိဘူးဆိုရင် ရောဂါလက္ခဏာတွေဟာ ပိုမိုဆိုးဝါးလာပြီး ကူစက်ပျံ့နှံ့နိုင်ချေ ပိုတိုးလာနိုင်ပါတယ်။”
ဆူရန်က အစိုးရကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်ကိုင်တွယ်စေလိုပြီး ပိုပြီးအရေးကြီးတဲ့ ပြဿနာတွေကို ကာကွယ်စေလိုတယ်လို့ ပြောလိုက်တာပါ။
သူ့အနေနဲ့ ပြည့်တန်ဆာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစည်း အဝေးခန်းထဲမှာ ဆွေးနွေးကြမယ့်အစား ပြည်သူ့ဖိုရမ်တခုကို ကျင်းပဖို့ စီစဉ်နေပြီး ဒါဟာ ပြည်သူတွေကို ပိုမိုအာရုစိုက်လာစေလိမ့်မယ်လို့ ဆိုပါတယ်။
“အခုအချိန်ဟာ ကျမတို့အနေနဲ့ ရှေးယခင်ကတည်းက ရေးဆွဲထားခဲ့တဲ့ ပြည့် တန်ဆာဥပဒေကို လက်ရှိကာလမှာဖြစ်နေတဲ့ ပြဿနာတွေ ကူညီဖြေရှင်းနိုင်ဖို့ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ပြောရမယ့် အချိန်ပါပဲ”လို့ သူက ပြောပါတယ်။
“လိင်အလုပ်သမားတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်နဲ့ ဥပဒေအောက်မှာ ကာကွယ် ပေးထားတဲ့ အခြေအနေနဲ့ ရှိသင့်ပါတယ်။”