အိုင်အက်စ်လက်ထဲရောက် အမျိုးသားတစုကို အီရတ်စစ်တပ်ကယ်တင်
အီရတ်စစ်တပ်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ လက်ထဲ ကျရောက်ခဲ့တဲ့ အမျိုးသားတစုကို ဇူလိုင် ၁ ရက်နေ့က ဖာလူဂျာမြို့ ဆင်ခြေဖုံးကနေ ကယ်တင်ခဲ့ပါတယ်။
အိုင်အက်အဖွဲ့က သိမ်းထားတဲ့ ဖာလူဂျာမြို့ကို အီရတ်စစ်တပ်က ပြန်သိမ်းဖို့ ကြိုးစားတဲ့ တိုက်ပွဲဟာ ၁ လကြာနေပြီး ဇူလိုင်လ ၂၆ ရက်က ပြီးဆုံးခဲ့ပါတယ်။
ဘဂ္ဂဒက်ကနေ ၁ နာရီလောက် ကားမောင်းသွားရင် ရောက်တဲ့ ဖာလူဂျာမြို့ကို အစိုးရတပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြန်လွတ်လာသူတွေရဲ့ အဆိုအရ စစ်သွေးကြွအဖွဲ့ဟာ အခုတော့ အနောက်ဘက်ကို ဆုတ်ခွာနေတယ်လို့ ပြောပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသ အတော်များများကို သိမ်းထားတဲ့အတွက် အီရတ်စစ်တပ်က စစ်ဆင်ရေးကြီး ဆင်နွှဲပြီး နယ်မြေတွေကို ပြန်သိမ်းဖို့ ကြိုးစားနေပါတယ်။