မျက်လှည့် တိုက်ရိုက်ထုတ်လွှင့်စဉ် အစီအစဉ်တင်ဆက်သူ ဒဏ်ရာရ (ရုပ်သံ)

1.3K
ပိုလန်ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူ အမျိုးသမီးတဦးဟာ မျက်လှည့်ပွဲ တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ဆိုးဆိုးရွာရွားလွဲချော်မှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဇူလိုင် ၂ ရက်နေ့ Independent သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအစီအစဉ်မှာ မျက်လှည့်ပြသူနဲ့အတူ သူက ပါဝင်ကူညီခဲ့တာဖြစ်ပြီး မတော်တ ဆဖြစ်ခဲ့တာပါ။
သူတို့ရှေ့မှာ စက္ကူအိတ် ၃ လုံးရှိနေပြီး တလုံးရဲ့အောက်မှာတော့ သံတချောင်းကို ၀ှက်ထားခဲ့တာပါ။
မျက်လှည့်ပြသူဟာ သူ့ကို အိတ် ၃ လုံးထဲက တလုံးကို ရွေးချယ်စေပြီး အဲဒီ အိတ်ပေါ်ကို သူ့ရဲ့လက်ကို ဆောင့်ပြီး ဖိချပြလိုက်တာပါ။
အဲဒီအချိန်မှာ ကံဆိုးစွာပဲ အိတ်ထဲက သံချောင်းရှည်ဟာ သူ့ရဲ့လက်ကို ထိုးစိုက်ဝင်သွားခဲ့ပုံ ရပါတယ်။
သူဟာ ရုတ်တရက် ရုပ်သံကင်မရာမြင်ကွင်းပေါ်က ပျောက်သွားခဲ့တာကြောင့် အစီ အစဉ်တင်ဆက်သူဟာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီလို့ ပရိသတ်တွေကို အထင်ရောက်စေခဲ့ပါတယ်။