A d v e r t i s e m e n t With Us

ဟင်္သာတတွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားအဒါးကနေ ဟင်္သာတကို ပြေးဆွဲနေတဲ့ သုံးဘီးဆိုင်ကယ်တစီး အရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ခဲ့လို့ ဟင်္သာတမြို့အဝင်မှာ မြောင်းထဲ ထိုးကျသွားပါတယ်။ သုံးဘီးဆိုင်ကယ်ပေါ် လိုက်ပါလာတဲ့ ယဉ်မောင်း၊ ခရီးသည် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဟင်္သာတပြည့်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ဟင်္သာတမြို့ အမှတ် ၁ ရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ -  ကိုကြက် (ဟင်္သာတ)  

A d v e r t i s e m e n t With Us

More News
Up