တိုက်စစ်မှူး မစ်ကီတာရီယန်ကို မန်ယူအသင်း ခေါ်ယူလိုက်ပြီဟု ဒေါ့မွန်အတည်ပြု

1.4K
ဂျာမန်ကလပ် ဒေါ့မွန်အသင်းက တိုက်စစ်မှူး ဟင်းနရစ် မစ်ကီတာရီယန်ကို မန်ချက်စတာ ယူနက်တက်အသင်းက ခေါ်ယူလိုက်ပြီလို့ ဂျာမန်ကလပ်က ဇူလိုင် ၂ ရက်နေ့မှာ အတည်ပြုပါတယ်။
ဒါကြောင့် မော်ရင်ဟို လက်ထက်မှာ ပြန်လည်ဖွဲ့စည်းေ်နတဲ့ မန်ယူအသင်းက ခေါ်ယူလိုက်တဲ့ ထင်ရှားတဲ့ ဘောလုံးသမားတွေထဲမှာ အသက် ၂၇ နှစ်အရွယ် အာမေနီယန် ကွင်းလယ် ကစားသမားဟာ တတိယမြောက် ဖြစ်လာပါတယ်။
မစ်ကီတာရီယန်ရဲ့ အပြောင်းအရွှေ့သတင်းကို မန်ယူဘက်က အတည်ပြုချက် မပေးပေမယ့် ဒေါ့မွန်အသင်းရဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ မန်ယူဘက်က မက်မောလောက်တဲ့ ငွေကြေးပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မစ်ကီတာရီယန်ဟာ ဒေါ့မွန်အသင်းနဲ့ လာမယ့်နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။