A d v e r t i s e m e n t With Us

အလုပ်ရှင်သူဌေး မတူသဖြင့် မြန်မာအလုပ်သမား ၁၂၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်က နာနတ်သီးအလုပ်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၁၂၇ ဦး ဖမ်းဆီးခံထားရတယ်လို့ မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်ကော်မတီ (အေအေစီ) က သတင်းထုတ်ပါတယ်။ ထိုင်းစစ်တပ်အပါအဝင် အာဏာပိုင်တွေပါဝင်တဲ့ အဖွဲ့တွေက ဇူလိုင် ၁ ရက်မှာ TROFCO နာနတ်သီးအလုပ်ရုံတွင်း ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အလုပ်ရှင်သူဌေး နာမည်မတူလို့ ဖမ်းတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ  ပန်းရောင်ကတ်နဲ့  ယာယီပတ်စပို့ ကိုင်ထားသူ မြန်မာလုပ်သား ၁၀၂ ဦး၊ နှစ်နိုင်ငံသဘောတူစာချုပ် (အမ်အိုယူ) နဲ့ လုပ်နေသူ  လုပ်သား ၂၅ ဦး၊ ပေါင်း ၁၂၇ ဦးဖြစ်ပါတယ်။ အမ်အိုယူ လုပ်သား ၂၅ ဦးမှာ မြန်မာပြည်မှစာချုပ်ပါစည်းကမ်းတိုင်းမဟုတ်ပဲ အလုပ်နေရာမတူပဲ ပို့ထားတဲ့ လုပ်သားတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ရဲ့ ညွှန်ကြားချက်နဲ့ အေအေစီ အဖွဲ့က အလုပ်သမားတွေ အမြန်ဆုံးလွတ်မြောက်ရေး တရားရုံးမှာ ဒီနေ့ လုပ်ဆောင်ပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - Ye Min  

A d v e r t i s e m e n t With Us

More News
Up