ဆားဗီယား ကော်ဖီဆိုင်ထဲ အမျိုးသားတဦးက ဇနီးဖြစ်သူနှင့် အခြားသူများကို ပစ်ခတ်

700
ဆားဗီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ အမျိုးသားတဦးက ကော်ဖီဆိုင်ထဲ သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး လူအယောက် ၂၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။
ဇူလိုင် ၂ ရက်နေ့က ကော်ဖီဆိုင်ထိုင်နေတဲ့ သူ့အမျိုးသမီးနဲ့ တခြားတဦးတို့ကို အရင်ပစ်သတ်လိုက်ပြီး တခြားသူတွေကိုလည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
ကလေး ၃ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆားဗီးယားပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
အသက် ၃၀ ကျော် သေနတ်ပစ်ခတ်သူကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ သူ့ရဲ့အမျိုးသမီးကို မနာလိုဝန်တိုပြီး ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အမျိုးသားက ကော်ဖီဆိုင်ထဲကို ၀င်လာတဲ့အချိန်မှာ သူ့အမျိုးသမီးနဲ့ သူငယ်ချင်းတသိုက် ဆိုင်ထိုင်နေတာကို တွေ့ပြီး အိမ်ပြန်သေနတ်ယူပြီး လာပစ်တာလို့ သတင်းတွေက ဆိုပါတယ်။
ဆားဗီးယားနိုင်ငံမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဘော်ကန်စစ်ပွဲကျန် သေနတ်တွေ လိုသလို ရရှိနိုင်ပြီး အခုပစ်ခတ်ခဲ့တဲ့ မောင်းပြန်ရိုင်ဖယ်ဟာလည်း တရားမ၀င်ကိုင်ဆောင်တဲ့ လက်နက်ဖြစ်တယ်လို့ ဆားဗီး ယားပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။