ဂျိုကိုဗစ်ကို အမေရိကန် တင်းနစ်သမား အနိုင်ယူ

678
ဇူလိုင် ၂ ရက်နေ့က ကစားခဲ့တဲ့ ၀င်ဘယ်တန် တင်းနစ်ပြိုင်ပွဲမှာ အမေရိကန် တင်းနစ်သမား ဆမ် ကာရေးက ဂျိုကိုဗစ်ကို အနိုင်ရခဲ့ပါတယ်။
တတိယ ပတ်လည်ပွဲမှာ ကာရေးက ဂျိုကိုဗစ်ကို ၇-၆ (၆) ၆-၁ ၃-၆ ၇-၆ (၅) နဲ့ အနိုင်ရလိုက်တာဟာ ဂရန်းစလန်းပြိုင်ပွဲမှာ တနှစ်ကျော်ကြာ ကာလအတွင်း ဂျိုကိုဗစ်ကို ပထမဆုံး အနိုင်ရတဲ့ တင်းနစ်သမား ဖြစ်လာပါတယ်။
ပြိုင်ပွဲစကတည်းက ဂျိုကိုဗစ်ကို အနိုင်ရနိုင်တယ်လို့ဆိုတာကို ယုံကြည်မှု ရှိခဲ့တယ်လို့ ပြိုင်ပွဲအပြီးမှာ ကာရေးက ပြောပါတယ်။
ဇူလိုင် ၂ ရက်နေ့မှာပဲ ကစားသွားတဲ့ တတိယပတ်လည် အမျိုးသမီး တဦးချင်းပွဲစဉ်မှာတော့ ပိုလန် နိုင်ငံသူ Radwanska က ချက်နိုင်ငံက Siniakova ကို 6-3 6-1 နဲ့ အေးအေးဆေးဆေးပဲ အနိုင်ရခဲ့ပါတယ်။
တတိယပတ်လည် တခြား ပွဲစဉ်တွေမှာတော့ ဗြိတိန်က အန်ဒီမာရေး၊ ဂျပန်က နစ်ရှီ ကိုရီတို့လည်း အနိုင်ရခဲ့ကြပါတယ်။