A d v e r t i s e m e n t With Us

ရန်ကုန်ဆေးရုံကြီးတွင် ကွန်ပျူတာဒေတာစနစ် စတင်အသုံးပြုတော့မည်

ရန်ကုန်ဆေးရုံကြီးမှာ အရင်လို စက္ကူမှတ်တမ်းနဲ့မဟုတ်ပဲ ၂၀၁၇ နှစ်ဆန်းပိုင်းကစပြီး လူနာမှတ်တမ်းကအစ ကွန်ပျူတာဒေတာစနစ်နဲ့ စတင်အသုံးပြုသွားမယ်လို့ ရန်ကုန်ဆေးရုံကြီး လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ပြောပါတယ်။ လက်ရှိမှာတော့ network ပိုင်းတွေ ချိတ်ဆက်တာတွေ စတင်ပြုလုပ်နေပြီး နောက်သုံးလလောက်မှာ စတင်စမ်းသပ်အသုံးပြုသွားမယ်လို့ သူကဆက်ပြောပါတယ်။ တိတိကျကျနဲ့ ဒေတာ စနစ်ကိုတော့ လာမယ့်နှစ်ဆန်းပိုင်းလောက်မှာ စအသုံးပြုနိုင်ဖို့ စီစဉ်နေဆယ်လို့ ဆိုပါတယ်။ အခုစနစ်ကို အစိုးရဆေးရုံးတွေထဲမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ စတင်အသုံးပြုပြီး လည်ပတ်နိင်ရင်တော့ ကျန်ဆေးရုံတွေမှာပါ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up