ဖူကူရှီးမား ဖြစ်ရပ်အပြီး နျူကလီးယားကို စိုးရိမ်ထိတ်လန့်မှုများလာ
DVB
·
September 21, 2011
ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖို ဘေးအန္တရာယ်ဆိုး ကြုံတွေ့ရပြီးနောက် ၆ လ ကြာ မြင့်လာချိန်မှာ ဂျပန်လူထုဟာ သူတို့နိုင်ငံမှာ နျူကလီးယားစွမ်းအင် အသုံးပြုမှု ရပ်ဖို့ တောင်းဆိုမှုတွေ များလာပါတယ်။ ဓာတ်ပေါင်းဖိုတွေရှိတဲ့ မြို့ကြီးတွေမှာ ဖူကူရှီးမား ဖြစ်ရပ်မျိုး ထပ်ပြီးဖြစ်လာမှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။ စိုးရိမ်မှု အများဆုံးဖြစ် နေတာကတော့ ‘ဟန်မိုဝါကာ´ ဓာတ်ပေါင်းဖိုရှိတဲ့ မြို့ကဖြစ်ပါတယ်။
ဟန်မိုဝါကာ ဓာတ်ပေါင်းဖိုဟာ သက်တမ်း နှစ် ၄၀ နီးပါးရှိပြီး ပစိဖိတ်ကမ်းခြေ ငလျင်ပြတ်ရွေ့ကျော တည့်တည့်မှာ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဂျပန်အစိုး ရကလည်း အဲ့ဒီဓာတ်ပေါင်းဖိုနားမှာ ငလျင်လှုပ်မှာကို စိုးရိမ်တာကြောင့် ဓာတ်ပေါင်းဖို အအေးဓာတ်ပေးပြီး ပိတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်။ ဩစတြေးလျရေဒီယိုက သတင်း ထောက် `မာ့ခ် ဝီလ်လစီ´ ကသတင်းပေးပို့ထားတာပါ။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။)