အင်းတော် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်လုံးများ ဖမ်းမိ (ရုပ်သံ)
DVB
·
July 2, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ဖက်ဆွတ်သစ်တောကြိုးဝိုင်းအတွင်း ဇွန်လ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် တရားမဝင်သစ်လုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် နဘားနယ်မြေ စခန်းမှူးရဲအုပ် သူဇော်ဝင်း နဲ့ နဘားနယ်မြေ သစ်တောဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အင်းတော်မြို့နယ် ဖက်ဆွတ်ကြိုးဝိုင်းအတွင်း တရားမဝင် စုပုံထားတဲ့ ကျွန်းသစ်နဲ့ အင်ကညင်သစ်လုံး ၃၀ ကျော် ကာလတန်ဖိုး ကျပ်သိန်း ၅၀ ကျော်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံ - ကိုကိုလင်း(အင်းတော်)