ထိုင်း-မြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်း နင်းမိသည့်ဆင်ကို ခြေတုတပ်ပေး (ရုပ်သံ)
DVB
·
July 2, 2016
ထိုင်း-မြန်မာ နယ်စပ်မှာ မြေမြုပ်မိုင်း နင်းမိတဲ့ ဆင်ကို ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ ခြေတုကို အောင်မြင်စွာ တင်ဆင်ပေးလိုက်ပါတယ်။
ခြေတုတပ်ဆင်ပေးမယ့် ဆရာဝန်တွေက တပ်ဆင်ပေးတာကို ကြီးကြပ်ခဲ့တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
ကြီးကြပ်ပေးတဲ့ ဆရာဝန် သာချိုင်း ဂျီဝါကိတ်က သူလမ်းလျှောက်နေတဲ့ပုံက ဘက်မမျှသလို သူရဲ့ ကျောရိုးက ကွေးလာတာဟာ အရိုးနုကို အပြင်းအထန် ထိခိုက်လာသလို နောက်မှာလမ်း မလျှောက်နိုင်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ၂ နှစ်အရွယ်တုန်းက မိုရှာက မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့စဉ်က စိတ်မကောင်းဖြစ်မိခဲ့ပြီး ကူညီနိုင်ဖို့ နည်းလမ်းကို ကြိုးစားရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ပထမအကြိမ် ခြေတုတပ်ဖို့ ကြိုးစားတုန်းက မိုရှာက ၆၀၀ ကီလို အလေးချိန်ရှိပြီး အခုတော့ ကီလို ၂၀၀၀ ရှိတဲ့အတွက် ပိုမို သင့်တော်တဲ့ ပစ္စည်းတွေကို အသုံးပြုထားရတယ်လို့ ပြောပါတယ်။
နောက်ဆုံးခြေတုကိုတော့ သာမိုပလစတစ်၊ စတီးနဲ့ ဆန့်နိုင်ကျုံ့နိုင်တဲ့ အရာတွေနဲ့ လုပ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပန်းက အာရှဆင်များရဲ့ မိတ်ဆွေ ဖောင်ဒေးရှင်းမှာ မိုဆာက နေထိုင်နေပါတယ်။
အရင်နှစ်တွေကလည်း မိုဆာအတွက်သာမက တခြားဆင်တကောင်အတွက်လည်း သာချိုင်းက ခြေထောက်တု လုပ်ဆောင်ခဲ့ဖူးပါတယ်။