ငါတို့သည် ဂွမ်ဆိုင်းအောင်များ ဖြစ်သည် (ဓာတ်ပုံ)
DVB
·
July 2, 2016
သေနတ်ကျည်ဆန် ထိမှန်လို့ သေဆုံးသွားတဲ့ ဂွမ်ဆိုင်းအောင်အတွက် အစိုးရအနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့ ၀တ်ပြုဆုတောင်းပွဲတခု ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ (မုံရွာ) နဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တို့က မုံရွာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ကန်သာယာ လွတ်လပ်ရေးကျောက်တိုင်မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
တကသ က အမှုမှန်ပေါ်ပေါက်ရေး ကြေညာချက်တွေ ထုတ်ပြန်ဖတ်ကြားခဲ့ပြီး ခရစ်ယာန်ထုံးစံအတိုင်း ဓမ္မတေးတွေ သီဆိုဆုတောင်းခဲ့ကြပါတယ်။
ဝတ်ပြုဆုတောင်းပြီး မုံရွာမြို့တွင်းမှာ ကား၊ ဆိုင်ကယ်တို့နဲ့ လှည့်လည်ကာ ငါတို့သည် မောင်ဂွမ်ဆိုင်းအောင်များဖြစ်ကြသည်ဟု ကြွေးကြော်ခဲ့ကြပါတယ်။
ဝတ်ပြုဆုတောင်းပွဲတွေကို မန္တလေး၊ တောင်ကြီး၊ ရန်ကုန်တို့မှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တပ်မတော်သား ၂ ဦးနဲ့ စကားအခြေအတင်ဖြစ်ပွားခဲ့လို့ အသက် ၁၈ နှစ်အရွယ် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် ကျည်သင့်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အောင်ကိုလတ်