A d v e r t i s e m e n t With Us

တရုတ်တွင် မိုးများပြီး မြေပြိုမှုကြောင့် ၁ ဦးသေ၊ ၂၀ ပျောက်ဆုံး

တရုတ်နိုင်ငံ အနောက်တောင်ဒေသမှာ မိုးများပြီး မြေပြိုမှုကြောင့် လူ ၁ ဦး သေဆုံးပြီး အယောက် ၂၀ ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။ ဒါဖန်း နယ်မြေထဲမှာရှိတဲ့ ပန်ဘိုရွာမှာ သောကြာနေ့ မနက် ၅ နာရီခွဲအချိန်က မြေပြိုမှု ဖြစ်ပြီး လူ ၂၉ ယောက် မြေသားအောက် ပိမိနေခဲ့ရာမှာ ၈ ယောက်ကိုပဲကယ်တင်နိုင်တယ်လို့ ပြောပါတယ်။ စီစီတီဗွီသတင်းမှာ ကယ်ဆယ်ရေးလုပ်သားတွေက ဒဏ်ရာရ အမျိုးသားတဦးအား ကယ်ထုတ်နေပုံကို ပြသပါတယ်။ ဒေသထဲမှာ မိုးသည်းထန်ပြီး ရေကြီးမှုနဲ့ ကြုံနေရတယ်လို့လည်း သတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ နွေရာသီမှာ အခုလို ဆိုးရွားတဲ့ ရာသီဥတုမျိုး ကြုံရလေ့ ရှိပါတယ်။ ဒီနှစ်ထဲ တောင်ပိုင်းမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၂၀ ကျော် ရှိသွားပါပြီ။ ဇွန်လ ၂၃ ရက်နေ့ကလည်း နိုင်ငံအရှေ့ပိုင်းက ကျန်စု ပြည်နယ်ထဲမှာ လေဆင်နှာမောင်းကျလို့ လူ ၉၈ ယောက် သေဆုံးပြီး ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up