အတောင်ဖြန့် တံခါးဖွင့်ပြီး မုန့်တိုက်အတွင်း မုန့်ဝင်ခိုးသည့် ဇင်ယော် (ရုပ်သံ)

2.5K
ဇင်ယော်တကောင်က မုန့်တိုက်အတွင်းကို ၀င်လာပြီး မုန့်စင်အောက်ဆုံးနားက မုန့်ကို ချီပြီး တည်တည်ငြိမ်ငြိမ်ပဲ အလိုအလျောက်ဖွင့်တဲ့ တံခါးကနေ ပြန်ထွက်သွားပါတယ်။
ဇွန် ၁ ရက်က ဗြိတိန်နိုင်ငံ ဆော့ရှီးက ဂရက်စတိုးဆိုင်မှာ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်ကို မြင်တွေ့တဲ့ ဈေးဝယ်သူတွေကို အံ့အားသင့်သွားစေပါတယ်။
ဇင်ယော်က မုန့်ထုတ်ကို သွားချီရာမှာတော့ အဖျော်ရည်တွေထားတဲ့ ရေခဲသေတ္တာနဲ့ ဆန်းဝက်စ် ကောင်တာကို ဖြတ်သွားပြီး မုန့်ထုတ်ကို ကိုက်ချီကာ အလျင်အမြန် ပြန်ထွက်သွားပါတယ်။
ဒီဖြစ်ရပ်ကို တခါမှ မမြင်ဖူးသလို ဇင်ယော်က ဘာလုပ်ရမလဲဆိုတာကို အတိအကျသိတယ်လို့ မျက်မြင် ဂေါ်ဒွန်လင်းဆေးက ပြောပါတယ်။
ဒါ့အပြင် အတောင်ဖြန့်လိုက်တာနဲ့ အလိုအလျောက်တံခါးက ပွင့်သွားမယ်ဆိုတာကို သိနေတယ်လို့လည်း သူက ပြောပါတယ်။
ပင်လယ်ကမ်းခြေမြို့တွေမှာ ဇင်ယော်တွေကြောင့်လည်း ပြဿနာအချို့ရှိနေတယ်လို့ ဆိုပါတယ်။