ပဲခူး တည်းခိုခန်းတခုတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ




1.7K
ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ပဲခူးဘူတာကြီးရှေ့ရှိ ချမ်းမြေ့တည်းခိုခန်းမှာ ရှမ်းပြည်မြောက်ပိုင်း နမ့်လန်ကျေးရွာက လာရောက်တည်းခိုသူ နှစ်ဦးထံမှ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့ပါတယ်။
တရားမ၀င်မူးယစ်ဆေးတွေ သယ်ဆောင်ရောင်းချနေကြောင်း သတင်းအရ ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီလောက်က ပဲခူးတိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်းအမှတ် ဘီကို သက်သေတွေနဲ့အတူ ၀င်ရောက်ရှာဖွေရာ ကနေ ဦးတင်ထွန်းအောင် နဲ့ ဒေါ်စန်းဌေးတို့ထံ WY စာတန်းပါ စိတ်ကြွဆေးပြား ၇၅၀ ကျော်ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။
စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးမိသူနှစ်ဦးကို ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါနဲ့ စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂နဲ့  အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်စိုးမိုး (ပဲခူး)