A d v e r t i s e m e n t With Us

ဓားစားခံများထဲမှ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒို တပ်ဖွဲ့ ကယ်ထုတ်နိုင်ပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က စားသောက်ဆိုင်တခုမှာ ဓားစားခံအဖြစ် အဖမ်းခံထားသူတွေထဲက အနည်းဆုံး ၁၀ ဦးကို ကွန်မန်ဒို တပ်ဖွဲ့က ကယ်ထုတ်နိုင်ပြီလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဆိုပါတယ်။ နိုင်ငံခြားသားတွေ အများစုပါဝင်တဲ့ ဓားစားခံ အယောက် ၂၀ ကို ကယ်တင်ဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးမှာ ကွန်မန်ဒို အင်အား ၁၀၀ လောက် ပါဝင်တယ်လို့ အထူးစစ်ဆင်ရေး တပ်ဖွဲ့က ဒုတိယ ညွှန်ကြားရေးမှူး မီဇာနာ ရာမန် ဘိုင်ယန်က ပြောပါတယ်။ သံတမန် ရပ်ကွက်ထဲက စားသောက်ဆိုင်ကို ၀င်စီးထားတဲ့ လက်နက်ကိုင် အင်အားက အနည်းဆုံး ၈ ဦး၊ ဒါမှမဟုတ် ၉ ဦးအထိ ရှိနိုင်တယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ခန့်မှန်းပါတယ်။ ဓားစားခံအဖြစ် အဖမ်းခံထားရသူတွေထဲမှာ အီတလီ၊ အိန္ဒိယ၊ ဂျပန် နိုင်ငံသားတွေ ပါဝင်နေတယ်လို့ လုံခြုံရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၀ မှာ သေနတ်သမားတွေက ဒါကာမြို့ပေါ် သံတမန် ရပ်ကွက်ထဲက ဟိုလေး အာတီစန် Holey Artisan  စားသောက်ဆိုင်ကို ၀င်စီးခဲ့ပြီးနောက် ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တာကြောင့် ရဲ ၂ ဦး သေဆုံးပြီး လူ ၃၀ လောက် ဒဏ်ရာခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့က  လက်ချက်ဖြစ်တယ်လို့ ကြေညာထားပါတယ်၊ ဓားစားခံတွေကို ကယ်ထုတ်ဖို့ ကွန်မန်ဒို တပ်ဖွဲ့က စစ်ဆင်ရေး မစခင်မှာ အစိုးရဘက်က ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ အကြံပေးက သတင်းမီဒီယာတွေကို ပြောပါတယ်။ စနေမနက်မှာ အပြန်အလှန် ပစ်ခတ်နေတဲ့ သေနတ်သံတွေ ကြားရတယ်လို့ အနီးနားနေသူတွေက ပြောသလို၊ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့ စားသောက်ဆိုင်ကနေ လူနာတင်ယာဉ်တစင်း ထွက်ခွာသွားပုံကိုလည်း ဘင်္ဂလားဒေ့ရှ် ရုပ်သံလိုင်းတွေမှာ ပြသနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up