ဟောလီးဝုဒ်နာမည်ကြီးများ၏ ကိုယ်လုံးတီးပုံများ တင်ခဲ့သည့် အမျိုးသားကို တရားစွဲ

4.6K
ဟောလီးဝုဒ်က နာမည်ကြီးတွေရဲ့ ကိုယ်လုံးတီးပုံတွေကို အွန်လိုင်းပေါ်မှာ တင်ခဲ့တဲ့ မရိုးသားတဲ့ လုပ်ရပ်အတွက် အမေရိကန်အမျိုးသားတဦးကို တရားစွဲဆိုလိုက်ပါတယ်။
နာမည်ကြီးတွေရဲ့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်က နာမည်ကြီး လူ ၃၀ ကျော်ရဲ့ အဲပယ်လ်အိုင်ကလောက်နဲ့ ဂျီမေလ်းအကောင့်တွေကို အမေရိကန်ပြည်ထောင်စု အီလီနွိုက်က အသက် ၂၈ နှစ် အက်ဝပ် မာဂျာဂျစ်က ဟက်ခဲ့ပါတယ်။
ဒီနောက် တကိုယ်ရေ သီးသန့် ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ ရယူခဲ့တာလို့ တရားလိုတွေက ဇူလိုင် ၁ ရက်က ပြောပါတယ်။
ဒီအရှုပ်တော်ပုံကြောင့် ဂျနီဖာလော့ရင့်၊ ကိတ်အပ်တောင် စတဲ့ မင်းသမီးတွေရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပါတယ်။
မာဂျာဂျစ်ကတော့ သူဟက်ခဲ့တဲ့ နာမည်ကြီးတွေရဲ့ အမည်တွေကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ မာဂျာဂျစ်ဟက်ခဲ့တဲ့ အကောင့်က စုစုပေါင်း ၃၀၀ နီးပါးရှိတယ်လို့လည်း ဆိုပါတယ်။
အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ရင်တော့ မာဂျာဂျစ်ဟာ ထောင်ဒဏ် ၅ နှစ် အထိ ကျခံနိုင်ဖွယ် ရှိနေပါတယ်။
[caption id="attachment_157393" align="aligncenter" width="670"]
ကိတ်အပ်တောင်[/caption]
အင်တာနက် ၀န်ဆောင်မှုကလို့ ထင်မှတ်နိုင်တဲ့ အီးမေလ်းတွေကို ပို့ခဲ့ပြီး အဲဒီအီးမေလ်းကနေတဆင့် နာမည်နဲ့ လျှိုဝှက် နံပါတ်တွေကို ရယူနိုင်တဲ့ ၀က်ဆိုဒ်ကို ချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ စက်တင်ဘာ အွန်လိုင်းမှာ တင်ခဲ့တဲ့ နာမည်ကြီးတွေရဲ့ကိုယ်လုံးတီး ဓာတ်ပုံတွေနဲ့ မာဂျေဂျစ်တို့ တစုံတရာ ဆက်နွှယ်မှုမရှိဘူးလို့လည်း ကာကွယ်ပြောဆိုမှုတွေ ရှိနေပါတယ်။